ကာကွယ်ဆေးကျပ်သိန်း ၄၆၀ကျော်တန်ဖိုးရှိ ခိုးယူသူနှင့်ရောင်းချပေးသူများကို ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ ဗဟိုကာကွယ် ဆေး သိုလှောင်ရေးအအေးခန်းမှ ကာကွယ်ဆေးကျပ်သိန်း ၄၆၀ကျော်တန်ဖိုးရှိ ခိုးယူသူနှင့်ရောင်းချ ပေးသူများကို ဖော်ထုတ်ဖမ်းဆီးရမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။

မရမ်းကုန်းမြို့နယ်၊(၃) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟိုကာကွယ် ဆေး သိုလှောင်ရေးအအေးခန်းအတွင်းထားရှိသော ရေခဲသေတ္တာအမှတ် BC 2 အတွင်းမှ တိုင်းဒေ သကြီး၊ ပြည်နယ် များသို့ ဖြန့်ဖြူးထားခြင်းလုံးဝမရှိသေးသော သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေး ပုလင်းပေါင်း ၁၉၀၅၅၂ ပုလင်းအနက် ၅၈၁၀ ပုလင်းနှင့် အသည်းရောင်အသားဝါ B ကာကွယ်ဆေး ၄၈၀လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ၇၀၀လုံး စုစုပါင်း ၄၆၀၈၁၇၆၈ ကျပ် တန်ဖိုးရှိ ဆေး ပစ္စည်းများ ပျောက်ဆုံးနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန ဗဟိုကာကွယ်ဆေးအအေး ခန်းမှ ဦးစီးအရာရှိက မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့တိုင်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့က ဆေးပစ္စည်း အရောင်းဆိုင် များအား လိုက်လံစုံစမ်းခဲ့ရာ ပန်းပဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ (၂၇/အပေါ်လမ်း) ၊ တိုက် (၂၀၂) ၊ ပထမထပ်နေ တင်အေး(ခ) မိုဟာမတ်အီလီယက်(ခ)တင်လှ၏ဆေးဆိုင်တွင် သက် သေများနှင့်အတူဝင်ရောက်ရှာဖွေရာ ပျောက်ဆုံးနေသော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၅၅၁၃) လုံး၊ အသည်းရောင်အသားဝါB ကာကွယ် ဆေး(၄၈၀)လုံး၊ ပြင်းထန်အဆုတ် ရောင်ကာကွယ်ဆေး(၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး(၇၀၀) လုံးကို ပြန်လည်သိမ်း ဆည်းရရှိပြီးဖြစ်ရ် ပြစ်မှုကျူးလွန်သူ၆ဦးကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။

crd

Zawgyi
ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္မွ အမ်ိဳးသားျပန္လည္သန္စြမ္းေရးေဆး႐ုံ ဗဟိုကာကြယ္ ေဆး သိုေလွာင္ေရးအေအးခန္းမွ ကာကြယ္ေဆးက်ပ္သိန္း ၄၆၀ေက်ာ္တန္ဖိုးရွိ ခိုးယူသူႏွင့္ေရာင္းခ် ေပးသူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သိရသည္။

မရမ္းကုန္းၿမိဳ႕နယ္၊(၃) ရပ္ကြက္၊ မင္းဓမၼလမ္း၊ အမ်ိဳးသားျပန္လည္သန္စြမ္းေရးေဆး႐ုံ၊ ဗဟိုကာကြယ္ ေဆး သိုေလွာင္ေရးအေအးခန္းအတြင္းထားရွိေသာ ေရခဲေသတၱာအမွတ္ BC 2 အတြင္းမွ တိုင္းေဒ သႀကီး၊ ျပည္နယ္ မ်ားသို႔ ျဖန႔္ျဖဴးထားျခင္းလုံးဝမရွိေသးေသာ သားအိမ္ေခါင္းကင္ဆာကာ ကြယ္ေဆး ပုလင္းေပါင္း ၁၉၀၅၅၂ ပုလင္းအနက္ ၅၈၁၀ ပုလင္းႏွင့္ အသည္းေရာင္အသားဝါ B ကာကြယ္ေဆး ၄၈၀လုံး၊ ျပင္းထန္အဆုတ္ေရာင္ ကာကြယ္ေဆး ၇၀၀လုံး စုစုပါင္း ၄၆၀၈၁၇၆၈ က်ပ္ တန္ဖိုးရွိ ေဆး ပစၥည္းမ်ား ေပ်ာက္ဆုံးေနေၾကာင္း ျပည္သူ႔က်န္းမာေရး ဦးစီး ဌာန ဗဟိုကာကြယ္ေဆးအေအး ခန္းမွ ဦးစီးအရာရွိက မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္နယ္ေျမ ရဲစခန္းသို႔ အမႈဖြင့္တိုင္တန္းခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔တိုင္ၾကားမႈေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ အထူးအမႈစစ္အဖြဲ႕က ေဆးပစၥည္း အေရာင္းဆိုင္ မ်ားအား လိုက္လံစုံစမ္းခဲ့ရာ ပန္းပဲတန္းၿမိဳ႕နယ္၊ (၄)ရပ္ကြက္၊ (၂၇/အေပၚလမ္း) ၊ တိုက္ (၂၀၂) ၊ ပထမထပ္ေန တင္ေအး(ခ) မိုဟာမတ္အီလီယက္(ခ)တင္လွ၏ေဆးဆိုင္တြင္ သက္ ေသမ်ားႏွင့္အတူဝင္ေရာက္ရွာေဖြရာ ေပ်ာက္ဆုံးေနေသာ သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆး (၅၅၁၃) လုံး၊ အသည္းေရာင္အသားဝါB ကာကြယ္ ေဆး(၄၈၀)လုံး၊ ျပင္းထန္အဆုတ္ ေရာင္ကာကြယ္ေဆး(၄၈၀)လုံး၊ ျပင္းထန္အဆုတ္ေရာင္ကာကြယ္ေဆး(၇၀၀) လုံးကို ျပန္လည္သိမ္း ဆည္းရရွိၿပီးျဖစ္ရ္ ျပစ္မႈက်ဴးလြန္သူ၆ဦးကို ဥပေဒႏွင့္အညီ တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သိရသည္။

crd