ကလေး (၂၆) ယောက်မွေးခဲ့တဲ့ မြန်မာနိုင်ငံက ခေတ်သစ်ရှင်မွေးလွန်း

ဒီတစ်ပတ်မှာတော့ ပရိသတ်တွေအံ့အားသင့်သွားမယ့် ခေတ်သစ်ရှင်မွေးလွန်းအကြောင်းကို တင်ဆက်ပေးသွားပါမယ်။

ဒေါ်ခင်မာမြင့်ဆိုသူက သူမရဲ့ယောကျာ်းနဲ့ အခုလက်ရှိမှာ ကလေး ၂၆ ယောက်ကို ဘယ်လိုပြုစုပျိုးထောင်လဲဆိုတာ အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ လူတွေကတော့ ပြောကျတာပေါ့ ရှင်မွေးလွန်း၊ အလကားနေဥနဲ့ဗိုက်နဲ့မပြတ်ဘူး အဲ့လိုပြောကျတာပေါ့။ တကယ်လဲမပြတ်ဘူးလေ။

သူတို့ကတော့ စိတ်ပူလို့ပြောကျတာပေါ့။ ဟုတ်ကဲ့ကလွဲပြီး ကျန်တာမတုန့်ပြန်ပါဘူး။ ကျန်တာတော့ဘာမှမတွေးပါဘူး။ အိမ်ထောင်ရယ်လို့ဖြစ်လာရင် သားသမီးဆိုတာရကြမှာပဲ။ အဲ့ဒီ့အပေါ်မှာ စိတ်တူကိုယ်တူရှိဖို့ပဲလိုပါတယ်။ အန်တီကသန်လျင်ကနေရုံးသွားတော့ ဦးအိမ်ရှေ့ကနေဖြတ်ရတယ်လေ။ အဲ့မှာ အကြောင်းပါတာပါပဲ။

၁၈ နှစ်မွေးနေ့လုပ်ပြီး နောက်နေ့ ၁၈နှစ် ၁ရက်မှာ ဦးနဲ့အိမ်ထောင်ပြုခဲ့တာပါ။ ဦးက ၂၅နှစ် ၁၀လ၊ အန်တီက ၁၈ နှစ်၁လမှာယူကြတာပေါ့။ ၁၉၇၅ ကနေ ၂၀၀၂ ထိ အန်တီမွေးခဲ့တာပါ။ ယောကျာ်းလေးက ၁၂ယောက် သမီး ၁၄ယောက်ပါ။ အခုလက်ရှိမှာ သက်ရှိတင်ရှား ၁၅ယောက်ရှိပါတယ်။ တစ်နှစ်တစ်ယောက်မွေးခဲ့တာပါ။ အမွှာတောင်မွေးလိုက်သေးတယ်။

၇၈ မှာ မိန်းကလေးအမွှာ၊ ၇၉ မှာ ယောကျာ်လေးအမွှာ။ ဦးကတော့အဲ့အချိန်က ဝန်ထမ်းလုပ်ပါတယ်။ အန်တီကတော့ ကလေးတွေရလာတော့ ဝန်ထမ်းအလုပ်ကနေထွက်ပြီး သူဝါသနာပါတဲ့ အရောင်းအဝယ်လုပ်ကို လုပ်ခဲ့ပါတယ်။ အဲ့ဒီ့ အချိန်အတိုင်းအတာအရတော့ နှစ်ယောက်ရှာတာ ဒီမိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။

မချမ်းသာပေမယ့်စားဖို့နေဖို့ဝတ်ဖို့ ကျောင်းနေဖို့ကတော့ လောက်ပါတယ်။ ၂၀၀၆ လောက်ကစပြီး ရှင်ဆန္ဒာဓိကနဲ့ မိခင်ကလေးအသင်းကထောက်ပံ့ပေးပါတယ်။ မယ်တော်ကြီးက ဒေါ်လာ ၃၀၀၀ ရယ်၊ ငွေသိန်း ၃၀ ဆယ်ရယ်ချီးမြှင့်တယ်။ ဦးကတော့ အမျိုးသမီးက တစ်နှစ်တစ်ယောက်မွေးနေကျ နောက်ပြီး OG တွေနဲ့လည်း အပ်ထားပြီးသားဆိုတော့ သိမ့်ပြီး စိုးရိမ်စိတ်မရှိပါဘူး။

ကျန်းမာရေးလေးပဲ ဂရုစိုက်ရတာပါ။ ဦးကအန်တီ့အပေါ်မှာ အရမ်းကြင်ကြင်နာနာရှိတယ်။ အရမ်းဆိုးတဲ့ ယောကျာ်းမဟုတ်ဘူးလေ။ သူအဲ့လိုဂရုစိုက်တော့ အန်တီမွေးရတာလည်း သက်တောင့်သက်သာရှိတယ်။ မိန်းမအပေါ်မှာရော သားသမီးအပေါ်မှာရော အရမ်းကြင်ကြင်နာနာရှိတယ်။ တစ်နှစ်ကိုဆယ်တန်းဖြေတဲ့သူက ၂ယောက် ၃ယောက် ၄ယောက်ရှိတယ်။ ဆယ်တန်းမဖြေတဲ့နှစ်ကိုမရှိပါဘူး။

တစ်ယောက်ဆိုရင် တောင်မျက်လုံးပြူးနေကျတာလေ။ အန်တီဆိုရင် တစ်ယောက်ထဲဖြေတဲ့နှစ်ကရှားတယ်။ အန်တီယောက်ခမတွေ အမျိုးတွေက အများကြီးရှိတော့ ကလေး ၂ယောက် ၃ယောက်ကိုဝိုင်းထိန်းပေးတော့ အန်တီထိန်းရတယ်လို့ကိုလည် းမရှိခဲ့ပါဘူး။ ခက်ခဲမှုတော့ အထွေအထူးမရှိခဲ့ပါဘူး။ လူကြီးတွေမရှိတော့လည်း မောင်နှမအကြီးတွေက အငယ်တွေကိုပြန်ထိန်းခဲ့တာပဲလေ။ စိတ်တူကိုယ်တူ မွေးခဲ့ကြတာဆိုတော့ မွေးခဲ့တဲ့ကလေးတွေအပေါ်မှာ ငြိုငြင်တာမရှိခဲ့ပါဘူး။

မွေးတာတော့ ခွဲမွေးတာပဲဖြစ်ဖြစ် ရိုးရိုးမွေးတာပဲဖြစ်ဖြစ် မွေးလာရင် မကျွေးနိုင်မှာဆိုတာကြီးကိုမတွေးနဲ့ သူ့ကုသိုလ်နဲ့သူ ဖြစ်လာလိမ့်မယ်။ မကြောက်ပါနဲ့။ အန်တီ့သားသမီးတွေလည်း အိမ်ထောင်ကျပြီးရင် ကလေးယူရမယ်လို့ အန်တီကမှာထားတယ်လို့ ရှင်မွေးလွန်းအန်တီတို့ လင်မယားနှစ်ယောက်က ခုလိုပြောသွားခဲ့ပါတယ်။

Credit Santhitsa

Zawgyi

ဒီတစ္ပတ္မွာေတာ့ ပရိသတ္ေတြအံ့အားသင့္သြားမယ့္ ေခတ္သစ္ရွင္ေမြးလြန္းအေၾကာင္းကို တင္ဆက္ေပးသြားပါမယ္။

ေဒၚခင္မာျမင့္ဆိုသူက သူမရဲ႕ေယာက်ာ္းနဲ႔ အခုလက္ရွိမွာ ကေလး ၂၆ ေယာက္ကို ဘယ္လိုျပဳစုပ်ိဳးေထာင္လဲဆိုတာ ေအာက္မွာဆက္လက္ဖတ္ရႈႏိုင္ပါတယ္။ လူေတြကေတာ့ ေျပာက်တာေပါ့ ရွင္ေမြးလြန္း၊ အလကားေနဥနဲ႔ဗိုက္နဲ႔မျပတ္ဘူး အဲ့လိုေျပာက်တာေပါ့။ တကယ္လဲမျပတ္ဘူးေလ။

သူတို႔ကေတာ့ စိတ္ပူလို႔ေျပာက်တာေပါ့။ ဟုတ္ကဲ့ကလြဲၿပီး က်န္တာမတုန္႔ျပန္ပါဘူး။ က်န္တာေတာ့ဘာမွမေတြးပါဘူး။ အိမ္ေထာင္ရယ္လို႔ျဖစ္လာရင္ သားသမီးဆိုတာရၾကမွာပဲ။ အဲ့ဒီ့အေပၚမွာ စိတ္တူကိုယ္တူရွိဖို႔ပဲလိုပါတယ္။ အန္တီကသန္လ်င္ကေန႐ုံးသြားေတာ့ ဦးအိမ္ေရွ႕ကေနျဖတ္ရတယ္ေလ။ အဲ့မွာ အေၾကာင္းပါတာပါပဲ။

၁၈ ႏွစ္ေမြးေန႔လုပ္ၿပီး ေနာက္ေန႔ ၁၈ႏွစ္ ၁ရက္မွာ ဦးနဲ႔အိမ္ေထာင္ျပဳခဲ့တာပါ။ ဦးက ၂၅ႏွစ္ ၁၀လ၊ အန္တီက ၁၈ ႏွစ္၁လမွာယူၾကတာေပါ့။ ၁၉၇၅ ကေန ၂၀၀၂ ထိ အန္တီေမြးခဲ့တာပါ။ ေယာက်ာ္းေလးက ၁၂ေယာက္ သမီး ၁၄ေယာက္ပါ။ အခုလက္ရွိမွာ သက္ရွိတင္ရွား ၁၅ေယာက္ရွိပါတယ္။ တစ္ႏွစ္တစ္ေယာက္ေမြးခဲ့တာပါ။ အမႊာေတာင္ေမြးလိုက္ေသးတယ္။

၇၈ မွာ မိန္းကေလးအမႊာ၊ ၇၉ မွာ ေယာက်ာ္ေလးအမႊာ။ ဦးကေတာ့အဲ့အခ်ိန္က ဝန္ထမ္းလုပ္ပါတယ္။ အန္တီကေတာ့ ကေလးေတြရလာေတာ့ ဝန္ထမ္းအလုပ္ကေနထြက္ၿပီး သူဝါသနာပါတဲ့ အေရာင္းအဝယ္လုပ္ကို လုပ္ခဲ့ပါတယ္။ အဲ့ဒီ့ အခ်ိန္အတိုင္းအတာအရေတာ့ ႏွစ္ေယာက္ရွာတာ ဒီမိသားစုကို ထိန္းသိမ္းႏိုင္ပါတယ္။

မခ်မ္းသာေပမယ့္စားဖို႔ေနဖို႔ဝတ္ဖို႔ ေက်ာင္းေနဖို႔ကေတာ့ ေလာက္ပါတယ္။ ၂၀၀၆ ေလာက္ကစၿပီး ရွင္ဆႏၵာဓိကနဲ႔ မိခင္ကေလးအသင္းကေထာက္ပံ့ေပးပါတယ္။ မယ္ေတာ္ႀကီးက ေဒၚလာ ၃၀၀၀ ရယ္၊ ေငြသိန္း ၃၀ ဆယ္ရယ္ခ်ီးျမႇင့္တယ္။ ဦးကေတာ့ အမ်ိဳးသမီးက တစ္ႏွစ္တစ္ေယာက္ေမြးေနက် ေနာက္ၿပီး OG ေတြနဲ႔လည္း အပ္ထားၿပီးသားဆိုေတာ့ သိမ့္ၿပီး စိုးရိမ္စိတ္မရွိပါဘူး။

က်န္းမာေရးေလးပဲ ဂ႐ုစိုက္ရတာပါ။ ဦးကအန္တီ့အေပၚမွာ အရမ္းၾကင္ၾကင္နာနာရွိတယ္။ အရမ္းဆိုးတဲ့ ေယာက်ာ္းမဟုတ္ဘူးေလ။ သူအဲ့လိုဂ႐ုစိုက္ေတာ့ အန္တီေမြးရတာလည္း သက္ေတာင့္သက္သာရွိတယ္။ မိန္းမအေပၚမွာေရာ သားသမီးအေပၚမွာေရာ အရမ္းၾကင္ၾကင္နာနာရွိတယ္။ တစ္ႏွစ္ကိုဆယ္တန္းေျဖတဲ့သူက ၂ေယာက္ ၃ေယာက္ ၄ေယာက္ရွိတယ္။ ဆယ္တန္းမေျဖတဲ့ႏွစ္ကိုမရွိပါဘူး။

တစ္ေယာက္ဆိုရင္ ေတာင္မ်က္လုံးျပဴးေနက်တာေလ။ အန္တီဆိုရင္ တစ္ေယာက္ထဲေျဖတဲ့ႏွစ္ကရွားတယ္။ အန္တီေယာက္ခမေတြ အမ်ိဳးေတြက အမ်ားႀကီးရွိေတာ့ ကေလး ၂ေယာက္ ၃ေယာက္ကိုဝိုင္းထိန္းေပးေတာ့ အန္တီထိန္းရတယ္လို႔ကိုလည္ းမရွိခဲ့ပါဘူး။ ခက္ခဲမႈေတာ့ အေထြအထူးမရွိခဲ့ပါဘူး။ လူႀကီးေတြမရွိေတာ့လည္း ေမာင္ႏွမအႀကီးေတြက အငယ္ေတြကိုျပန္ထိန္းခဲ့တာပဲေလ။ စိတ္တူကိုယ္တူ ေမြးခဲ့ၾကတာဆိုေတာ့ ေမြးခဲ့တဲ့ကေလးေတြအေပၚမွာ ၿငိဳျငင္တာမရွိခဲ့ပါဘူး။

ေမြးတာေတာ့ ခြဲေမြးတာပဲျဖစ္ျဖစ္ ႐ိုး႐ိုးေမြးတာပဲျဖစ္ျဖစ္ ေမြးလာရင္ မေကြၽးႏိုင္မွာဆိုတာႀကီးကိုမေတြးနဲ႔ သူ႔ကုသိုလ္နဲ႔သူ ျဖစ္လာလိမ့္မယ္။ မေၾကာက္ပါနဲ႔။ အန္တီ့သားသမီးေတြလည္း အိမ္ေထာင္က်ၿပီးရင္ ကေလးယူရမယ္လို႔ အန္တီကမွာထားတယ္လို႔ ရွင္ေမြးလြန္းအန္တီတို႔ လင္မယားႏွစ္ေယာက္က ခုလိုေျပာသြားခဲ့ပါတယ္။

Credit Santhitsa