ကလေးအရင်းကို မြန်မာငွေ တစ်သိန်းကျပ်နဲ့ ရောင်းစားနေတဲ ဖခင်အကြောင်း ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရဟိတလုပ်ငန်းတွေကို အင်တိုက်အားတိုက်ကြိုးစားလုပ်ကိုင်နေတဲ့ခိုင်နှင်းဝေကတော့ သူကြုံတွေ့ခဲ့ရတဲ့ကလေးကို ငွေ၁သိန်းနဲ့ရောင်းစားတဲ့ဖခင်အကြောင်းကို Pannpwintနဲ့အဆင်တာဗျူးမှာ အခုလိုပဲပြောပြလာပါတယ်။

“အစ်မရဲ့ပရဟိတ Viber ကိုရပ်ကွက်ကနေပြီးဗီဒီယိုပို့တယ်ပေါ့ ရပ်ကွက်ကောင်းလို့ပေါ့ အစ်မမှာအခုအချိန်ထိအဲဒီ့ဗီဒီယိုရှိသေးတယ် ကလေးကိုဒီကလေးမလိုချင်တော့ဘူး ကြိုက်သလိုခေါ်သွားတစ်သိန်းပဲပေး အဲဒီ့လိုမူးနေတာပေါ့ အဲ့တာကိုရပ်ကွက်ကဗီဒီယိုရိုက်ပြီးအစ်မကိုပို့တာ အစ်မကဖုန်းဆက်တော့လည်းဆူညံနေတာပဲ”

“အစ်မကအဲဒီ့လိုပေးလို့မရဘူးလေ မူးနေတုန်းဒီလိုပေးလိုက်ပြီး အမူးပြေတော့အစ်မဂေဟာရှေ့လာသောင်းကျန်းနေရင်ဘယ်လိုလုပ်မလဲ အရင်ဆုံးကျွန်မကိုကူညီချင်ရင်ရဲစခန်းဖုန်းဆက်ပြီးမှ ကျွန်မကိုဆက်ဆိုတော့ နောက်နယ်ထိန်းကဖုန်းဆက်တယ် ကျွန်တော့်ဆီရောက်နေပြီပေါ့ ဒီလူကိုလည်းကျွန်တော်ဖမ်းထားပြီးပြီပေါ့ ”

“ကလေးကိုငါးသောင်းနဲ့ရောင်းရောင်း တစ်ထာင်နဲ့ရောင်းရောင်းရောင်းစားမှုက ကလေးလူကုန်ကူးမှုဖြစ်တယ် အဲဒီ့တော့အမူးပြေပြီးရဲစခန်းရောက်တော့ ကြောက်နေပြီပေါ့ အစ်မမခေါ်ရင်လည်းဒီကလေးကို နောက်တစ်နေရာမှာသွားရောင်းစားနေမှာပေါ့ အဲ့ဒီအခါဘယ်လိုလုပ်မလဲ ကိုယ်ကလည်းမိန်းကလေးဆိုတော့ တစ်နှစ်နှစ်နှစ်လည်းစိတ်မချရဘူးဆိုပြီးသွားလိုက်တာ”

“အဲဒီ့အခါဒီကလေးက အစ်မနဲ့ကံစပ်တယ်လို့ပြောရမှာပေါ့ ဒီကလေးတစ်လလောက်တုန်းက သူ့အမေကပစ်သွားတာ ဒီလူကလည်းမူးနေတော့ သူ့အစ်မကခိုင်နှင်းဝေဆီပို့မယ်ဆိုပြီးဖုန်းဆက်တယ်တဲ့ သူကမပေးတာအဖေမေတ္တာတော့ရှိပါတယ် ကလေးကလည်းဝဝတုတ်တုတ်လေးဆိုတော့ သောက်သာသောက်တာကလေးကိုကျွေးထားပုံပေါက်တယ်”

“ကလေးကိုဟိုတလောကပဲဆေးရုံကဆင်းထားတာ တွေ့တဲ့နို့မှုန့်တိုက်ထားတော့ရင်ကျပ်ချွဲကျပ်ပေါ့ အဲဒီ့မှာကားမှားစီးပြီးအင်းစိန်ရပ်ကွက်ကိုရောက်လာတာ မူးပြီးဒီလိုရောင်းနေတာ ဒီကလေးကလည်းအစ်မဆီရောက်ဖို့ကံပါလို့ကိုရောက်လာတာ အစ်မတို့ဗုဒ္ဓဘာသာအယူအရဆိုရင်တော့ ကံစပ်တဲ့အခါသူ့အလိုလိုကိုရောက်လာတာ မူးပြီးအဲဒီ့နေရာမှာသောင်းကျန်းလို့သာ အစ်မဆီကိုရောက်လာတာပေါ့ နို့မို့ဆိုရောက်စရာအကြောင်းမရှိဘူးလေ” လို့

သူခေါ်ယူမွေးစားလိုက်ပြီဖြစ်တဲ့ ကလေးလေးအကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။

Source – Pannpwint

Shwe Yaung Myanmar ( Writer – LLA )

 

Zawgyi

ပရဟိတလုပ္ငန္းေတြကို အင္တိုက္အားတိုက္ႀကိဳးစားလုပ္ကိုင္ေနတဲ့ ခိုင္ႏွင္းေဝကေတာ့ သူႀကဳံေတြ႕ခဲ့ရတဲ့ကေလးကို ေငြ၁သိန္းနဲ႔ေရာင္းစားတဲ့ဖခင္အေၾကာင္းကို Pannpwintနဲ႔အဆင္တာဗ်ဴးမွာ အခုလိုပဲေျပာျပလာပါတယ္။

“အစ္မရဲ႕ပရဟိတ Viber ကိုရပ္ကြက္ကေနၿပီးဗီဒီယိုပို႔တယ္ေပါ့ ရပ္ကြက္ေကာင္းလို႔ေပါ့ အစ္မမွာအခုအခ်ိန္ထိအဲဒီ့ဗီဒီယိုရွိေသးတယ္ ကေလးကိုဒီကေလးမလိုခ်င္ေတာ့ဘူး ႀကိဳက္သလိုေခၚသြားတစ္သိန္းပဲေပး အဲဒီ့လိုမူးေနတာေပါ့ အဲ့တာကိုရပ္ကြက္ကဗီဒီယို႐ိုက္ၿပီးအစ္မကိုပို႔တာ အစ္မကဖုန္းဆက္ေတာ့လည္းဆူညံေနတာပဲ”

“အစ္မကအဲဒီ့လိုေပးလို႔မရဘူးေလ မူးေနတုန္းဒီလိုေပးလိုက္ၿပီး အမူးေျပေတာ့အစ္မေဂဟာေရွ႕လာေသာင္းက်န္းေနရင္ဘယ္လိုလုပ္မလဲ အရင္ဆုံးကြၽန္မကိုကူညီခ်င္ရင္ရဲစခန္းဖုန္းဆက္ၿပီးမွ ကြၽန္မကိုဆက္ဆိုေတာ့ ေနာက္နယ္ထိန္းကဖုန္းဆက္တယ္ ကြၽန္ေတာ့္ဆီေရာက္ေနၿပီေပါ့ ဒီလူကိုလည္းကြၽန္ေတာ္ဖမ္းထားၿပီးၿပီေပါ့ ”

“ကေလးကိုငါးေသာင္းနဲ႔ေရာင္းေရာင္း တစ္ထာင္နဲ႔ေရာင္းေရာင္းေရာင္းစားမႈက ကေလးလူကုန္ကူးမႈျဖစ္တယ္ အဲဒီ့ေတာ့အမူးေျပၿပီးရဲစခန္းေရာက္ေတာ့ ေၾကာက္ေနၿပီေပါ့ အစ္မမေခၚရင္လည္းဒီကေလးကို ေနာက္တစ္ေနရာမွာသြားေရာင္းစားေနမွာေပါ့ အဲ့ဒီအခါဘယ္လိုလုပ္မလဲ ကိုယ္ကလည္းမိန္းကေလးဆိုေတာ့ တစ္ႏွစ္ႏွစ္ႏွစ္လည္းစိတ္မခ်ရဘူးဆိုၿပီးသြားလိုက္တာ”

“အဲဒီ့အခါဒီကေလးက အစ္မနဲ႔ကံစပ္တယ္လို႔ေျပာရမွာေပါ့ ဒီကေလးတစ္လေလာက္တုန္းက သူ႔အေမကပစ္သြားတာ ဒီလူကလည္းမူးေနေတာ့ သူ႔အစ္မကခိုင္ႏွင္းေဝဆီပို႔မယ္ဆိုၿပီးဖုန္းဆက္တယ္တဲ့ သူကမေပးတာအေဖေမတၱာေတာ့ရွိပါတယ္ ကေလးကလည္းဝဝတုတ္တုတ္ေလးဆိုေတာ့ ေသာက္သာေသာက္တာကေလးကိုေကြၽးထားပုံေပါက္တယ္”

“ကေလးကိုဟိုတေလာကပဲေဆး႐ုံကဆင္းထားတာ ေတြ႕တဲ့ႏို႔မႈန႔္တိုက္ထားေတာ့ရင္က်ပ္ခြၽဲက်ပ္ေပါ့ အဲဒီ့မွာကားမွားစီးၿပီးအင္းစိန္ရပ္ကြက္ကိုေရာက္လာတာ မူးၿပီးဒီလိုေရာင္းေနတာ ဒီကေလးကလည္းအစ္မဆီေရာက္ဖို႔ကံပါလို႔ကိုေရာက္လာတာ အစ္မတို႔ဗုဒၶဘာသာအယူအရဆိုရင္ေတာ့ ကံစပ္တဲ့အခါသူ႔အလိုလိုကိုေရာက္လာတာ မူးၿပီးအဲဒီ့ေနရာမွာေသာင္းက်န္းလို႔သာ အစ္မဆီကိုေရာက္လာတာေပါ့ ႏို႔မို႔ဆိုေရာက္စရာအေၾကာင္းမရွိဘူးေလ” လို႔

သူေခၚယူေမြးစားလိုက္ၿပီျဖစ္တဲ့ ကေလးေလးအေၾကာင္းကိုေျပာျပခဲ့တာပဲျဖစ္ပါတယ္။

Source – Pannpwint

Shwe Yaung Myanmar ( Writer – LLA )