ကရင်ဝတ်စုံလေးဝတ်ပြီး တိုင်းရင်းသားတွေနဲ့တစ်သားတည်းအတူခံစားနေရပါတယ်ဆိုတဲ့ မြနှင်းရည်လွင်

MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချောမြနှင်းရည်လွင်ပဲဖြစ်ပါတယ်။

မြနှင်းရည်လွင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်အရေးယူခံထားရတာဖြစ်ပြီး ရှောင်တိမ်းနေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့နေရာမှာ နေထိုင်နေပြီး တော်လှန်ရေးတိုက်ပွဲတွေအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြနှင်းရည်လွင်က “Public Voice Television” ရဲ့အစီအစဥ်တစ်ခုမှာ တော်လှန်ရေးအသိပညာပေးပြီး ဝင်ရောက်ဆွေးနွေးခြင်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ် ။ ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပြည်ထဲရေးနဲ့လူဝင်မှု ကြီးကြပ်ရေးဝန် ကြီးဌာန Facebook Page မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မြနှင်းရည်လွင်က နူးညံ့တဲ့မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး ပါဝင်နေတာဖြစ်ပါတယ်။

မြနှင်းရည်လွင်ရဲ့ လူမှုကွန်ယက်မှာလဲ ကရင်တိုင်းရင်းသား ဝတ်စုံလေးကိုဝတ်ပြီး စစ်အာဏာရှင်ဘေးကနေ ကျော်လွှားနိုင်ဖို့ ကျမအားလုံးနဲ့ အတူတူရှိနေပါတယ်တဲ့။ သူမလည်းမြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်းကို ပုံလေးတစ်ပုံတင်ထားတာဖြစ်ပါတယ်။

“ကျမချစ်ခင်လေးစားရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ဝတ်စုံကိုဝတ်ပြီး စစ်အာဏာရှင်ဘေးကို ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး သဘာဝဘေး၊ လူကြောင့်ဖြစ်တဲ့ဘေးတွေအားလုံးကနေ ကင်းဝေးစေကြဖို့ ဆုတောင်းမေတ္တာပို့ပါတယ်။ ဒီဘေးဆိုးတွေကနေကျော်လွှားနိုင်ဖို့ ကျမအားလုံးနဲ့ အတူတူရှိနေပါတယ်။ စစ်အာဏာရှင်ဘေးကို အတူတူ ကျော်လွှားကြမယ်။

အခုကျွန်မတို့တိုင်းပြည်ဟာ သဘာဝဘေးကပ်ရောဂါဘေးတွေ သာမက စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ လူကြောင့်ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။ အဲဒါကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်းနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်းပြဖို့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပြုလုပ်မယ့် ဒီကမ်ပိန်းလေးမှာ အတူပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသားဝတ်စုံကိုဝတ်မယ် ပြီးရင်လူသားချင်းစာနာမှုကို ပြသတဲ့အဓိပ္ပါယ်နဲ့ ညာဘက်လက်ကို ဘယ်ဘက်နှလုံးသားပေါ် တင် တော်လှန်ရေးသင်္ကေတ လက် ၃ ချောင်းထောင်ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ဆိုရှယ်မီဒီယာတွေမှာမျှဝေရင်း ဒီကမ်ပိန်းမှာ ပါဝင်ပေးနိုင်ပါတယ်။” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

CRD:MMLoadmdatenews

Zawgyi

MRTV-4 ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး ပီျပင္တဲ့သ႐ုပ္ေဆာင္ပိုင္ႏိုင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာရရွိထားသူကေတာ့ မင္းသမီးေခ်ာျမႏွင္းရည္လြင္ပဲျဖစ္ပါတယ္။

ျမႏွင္းရည္လြင္ကေတာ့ ေဖေဖာ္ဝါရီလ အစပိုင္းကတည္းက ျပည္သူေတြနဲ႔အတူ ကိုယ္တိုင္ကိုယ္က်အပင္ပန္းခံကာ လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ပါဝင္ကာ အားလုံးနဲ႔အတူ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) နဲ႔ အမႈဖြင့္အေရးယူခံထားရတာျဖစ္ၿပီး ေရွာင္တိမ္းေနရတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဘးကင္းလုံၿခဳံတဲ့ေနရာမွာ ေနထိုင္ေနၿပီး ေတာ္လွန္ေရးတိုက္ပြဲေတြအတြက္ က်ရာအခန္းက႑ကေန ပါဝင္ကူညီေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ျမႏွင္းရည္လြင္က “Public Voice Television” ရဲ႕အစီအစဥ္တစ္ခုမွာ ေတာ္လွန္ေရးအသိပညာေပးၿပီး ဝင္ေရာက္ေဆြးေႏြးျခင္းေတြကို လုပ္ေဆာင္ေနတာျဖစ္ပါတယ္ ။ ဒါ့အျပင္ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ (NUG) လက္ေအာက္မွာရွိတဲ့ ျပည္ထဲေရးနဲ႔လူဝင္မႈ ႀကီးၾကပ္ေရးဝန္ ႀကီးဌာန Facebook Page မွာလည္း အစီအစဥ္တင္ဆက္သူအျဖစ္ တာဝန္ယူေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။ ျမႏွင္းရည္လြင္က ႏူးညံ့တဲ့မိန္းမသားတစ္ေယာက္ျဖစ္ေပမယ့္လည္း ေတာ္လွန္ေရးမွာ လက္နက္ကိုင္ၿပီး ပါဝင္ေနတာျဖစ္ပါတယ္။

ျမႏွင္းရည္လြင္ရဲ႕ လူမႈကြန္ယက္မွာလဲ ကရင္တိုင္းရင္းသား ဝတ္စုံေလးကိုဝတ္ၿပီး စစ္အာဏာရွင္ေဘးကေန ေက်ာ္လႊားႏိုင္ဖို႔ က်မအားလုံးနဲ႔ အတူတူရွိေနပါတယ္တဲ့။ သူမလည္းျမန္မာျပည္အႏွံ႔က တိုင္းရင္းသားျပည္သူေတြနဲ႔ တစ္သားတည္းအတူ ခံစားေနရေၾကာင္းကို ပုံေလးတစ္ပုံတင္ထားတာျဖစ္ပါတယ္။

“က်မခ်စ္ခင္ေလးစားရတဲ့ ကရင္တိုင္းရင္းသားေတြရဲ႕ ဝတ္စုံကိုဝတ္ၿပီး စစ္အာဏာရွင္ေဘးကို ရင္ဆိုင္ေနရတဲ့ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြအားလုံး သဘာဝေဘး၊ လူေၾကာင့္ျဖစ္တဲ့ေဘးေတြအားလုံးကေန ကင္းေဝးေစၾကဖို႔ ဆုေတာင္းေမတၱာပို႔ပါတယ္။ ဒီေဘးဆိုးေတြကေနေက်ာ္လႊားႏိုင္ဖို႔ က်မအားလုံးနဲ႔ အတူတူရွိေနပါတယ္။ စစ္အာဏာရွင္ေဘးကို အတူတူ ေက်ာ္လႊားၾကမယ္။

အခုကြၽန္မတို႔တိုင္းျပည္ဟာ သဘာဝေဘးကပ္ေရာဂါေဘးေတြ သာမက စစ္အာဏာသိမ္းမႈေၾကာင့္ျဖစ္လာတဲ့ လူေၾကာင့္ျဖစ္တဲ့ေဘးဒဏ္ကိုပါ ဆိုးဆိုး႐ြား႐ြား ခံစားေနၾကရပါတယ္။ အဲဒါေၾကာင့္ စစ္ေဘးဒဏ္ခံစားေနရတဲ့ ျမန္မာျပည္အႏွံ႔က တိုင္းရင္းသားျပည္သူေတြနဲ႔ တစ္သားတည္းအတူ ခံစားေနရေၾကာင္းနဲ႔ အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းဖို႔ ေဘးသင့္ျပည္သူေတြကို ကူညီေစာင့္ရွာက္ဖို႔အတြက္ ျပည္သူအားလုံးက အတူႀကိဳးစားေနေၾကာင္းျပဖို႔ အျပည္ျပည္ဆိုင္ရာ ေဘးအႏၲရာယ္ထိခိုက္ဆုံးရႈံးႏိုင္ေျခေလွ်ာ့ခ်ေရးေန႔ျဖစ္တဲ့ ေအာက္တိုဘာလ ၁၃ ရက္ေန႔မွာ ျပဳလုပ္မယ့္ ဒီကမ္ပိန္းေလးမွာ အတူပါဝင္ေပးၾကဖို႔ ဖိတ္ေခၚပါတယ္။

ေအာက္တိုဘာ ၁၃ ရက္ေန႔ (ဗုဒၶဟူးေန႔)မွာ ကိုယ့္မွာရွိတဲ့ တိုင္းရင္းသားဝတ္စုံကိုဝတ္မယ္ ၿပီးရင္လူသားခ်င္းစာနာမႈကို ျပသတဲ့အဓိပၸါယ္နဲ႔ ညာဘက္လက္ကို ဘယ္ဘက္ႏွလုံးသားေပၚ တင္ ေတာ္လွန္ေရးသေကၤတ လက္ ၃ ေခ်ာင္းေထာင္ဓာတ္ပုံ႐ိုက္ၿပီး ကိုယ့္ရဲ႕ဆိုရွယ္မီဒီယာေတြမွာမွ်ေဝရင္း ဒီကမ္ပိန္းမွာ ပါဝင္ေပးႏိုင္ပါတယ္။” ဆိုၿပီး သူမရဲ႕လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

CRD:MMLoadmdatenews