ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့သည့် ခရစ္စတီယာနို ရိုနယ်ဒို

ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင် ဘောလုံးသမိုင်းတလျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံး အမျိုးသားကစားသမားအဖြစ် ပေါ်တူဂီနိုင်ငံသား ခရစ္စတီယာနိုရိုနယ်ဒိုက မှတ်တမ်းဝင်သွားခဲ့ကြောင်းသိရသည်။

“ကျေးဇူးတင်ပါတယ် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းအဖွဲ့ရေ။ ကမ္ဘာ့စံချိန်ချိုးတဲ့ လူတယောက်အဖြစ် မှတ်တမ်းတင်ခံရတာက အမြဲတမ်းကောင်းပါတယ်။ ဒီမှတ်တမ်းထဲက ကိန်းဂဏန်းတွေ ပိုပြီးမြင့်တက်လာအောင် ဆက်ပြီးကြိုးစားသွားမှာပါ”ဟု ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်သည့် ခရစ္စတီယာနိုရိုနယ်ဒိုသည် နိုင်ငံတကာသွင်းဂိုး ၁၁၁ ဂိုးဖြင့် ဂင်းနက်စ်ကမ္ဘာမှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်က ယဥ်ပြိုင်ကစားခဲ့သည့် ပေါ်တူဂီအသင်းနှင့် အိုင်ယာလန် အသင်းတို့ပွဲစဥ်တွင် နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဘောလုံးသမိုင်းတလျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံး အမျိုးသား ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။

Zawgyi

ဂင္းနက္စ္ကမာၻ႔မွတ္တမ္းတြင္ ေဘာလုံးသမိုင္းတေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံး အမ်ိဳးသားကစားသမားအျဖစ္ ေပၚတူဂီႏိုင္ငံသား ခရစၥတီယာႏို႐ိုနယ္ဒိုက မွတ္တမ္းဝင္သြားခဲ့ေၾကာင္းသိရသည္။

“ေက်းဇူးတင္ပါတယ္ ဂင္းနက္စ္ကမာၻ႔မွတ္တမ္းအဖြဲ႕ေရ။ ကမာၻ႔စံခ်ိန္ခ်ိဳးတဲ့ လူတေယာက္အျဖစ္ မွတ္တမ္းတင္ခံရတာက အၿမဲတမ္းေကာင္းပါတယ္။ ဒီမွတ္တမ္းထဲက ကိန္းဂဏန္းေတြ ပိုၿပီးျမင့္တက္လာေအာင္ ဆက္ၿပီးႀကိဳးစားသြားမွာပါ”ဟု ၄င္း၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္သည့္ ခရစၥတီယာႏို႐ိုနယ္ဒိုသည္ ႏိုင္ငံတကာသြင္းဂိုး ၁၁၁ ဂိုးျဖင့္ ဂင္းနက္စ္ကမာၻမွတ္တမ္းဝင္ခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္က ယဥ္ၿပိဳင္ကစားခဲ့သည့္ ေပၚတူဂီအသင္းႏွင့္ အိုင္ယာလန္ အသင္းတို႔ပြဲစဥ္တြင္ ႏွစ္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ေဘာလုံးသမိုင္းတေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံး အမ်ိဳးသား ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ျခင္းျဖစ္သည္။