ကမ္ဘာကျော် FORBESမဂ္ဂဇင်းရဲ့ အာရှ DIGITAL STAR အယောက်(၁၀၀)စာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်
နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်သော စိုင်းစိုင်းခမ်းလှိုင်ဟာ ချောကလတ်ရောင်ရေခဲအိပ်မက်များ ဆိုတဲ့ သီချင်းခွေနဲ့  နုပညာ လောကထဲကို ဝင်ရောက်လာခဲ့သူပါနော်။
စိုင်းစိုင်းခမ်းလှိုင်ဟာ ရုပ်ရှင်၊ ဂီတ နယ်ပယ်မှာ တောက်ပလာခဲ့ပြီးတော့ ယခုဆိုရင် ပြိုင်စံရှား အနုပညာရှင်တစ်ယောက်အဖြစ်ကို ထိပ်ဆုံးမှာ ရပ်တည်နေတာပါနော်။စိုင်းစိုင်းဟာ ပြည်တွင်းမှာသာမဘဲ ပြည်ပနိုင်ငံတွေနဲ့လည်းဘဲ ရုပ်ရှင်၊ ဂီတ အနုပညာလှုပ်ရှားမှုတွေ အတူတူလုပ်ကိုင်ရလေ့ရှိသော စိုင်းစိုင်းခမ်းလှိုင်ကတော့ အာရှနိုင်ငံတွေမှာလည်း လူသိထင်ရှားတဲ့ မြန်မာအနုပညာရှင်အဖြစ် ရပ်တည်နေတာပါ။
ယခု တစ်ခါမှာ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းလေးကို ပြောပြလာတာပါနော်။ စိုင်းစိုင်းခမ်းလှိုင်က ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ပါဝင်နိုင်ခဲ့ပြီးတော့ သူ့အနေနဲ့ အဲ့ဒီလိုစာရင်းထဲ ထည့်သွင်းဂုဏ်ပြုခြင်းခံရတဲ့ အဓိကအကြောင်းအရင်းကိုလည်း ပြောလာတာပါ။ Forbes က အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ကျွန်တော့်ကိုထည့်ထားတယ် ကျွန်တော်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်မှာပဲ။ Thanks to my fan ဆိုပြီး ပြောလာတာပါ။
စိုင်းစိုင်းခမ်းလှိုင်ဟာ သူအခုလို အာရှထိပ်သီးအနုပညာရှင်တစ်ယောက်အနေနဲ့ ဖော်ပြခံရတာ ပရိသတ်တွေကြောင့်သာဖြစ်တယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်နော်။ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတူ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကလည်း Forbes မဂ္ဂဇင်းရဲ့ အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်နော်။ချစ်ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ် နေ့ရက်တွေကို ပု်င်ဆိုင်နု်င်ကြပါစေနော်။
credit
Zawgyi
နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်သော စိုင်းစိုင်းခမ်းလှိုင်ဟာ ချောကလတ်ရောင်ရေခဲအိပ်မက်များ ဆိုတဲ့ သီချင်းခွေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူပါနော်။
credit